“ The Room ”
“ အခန်း ”
မလိမ်ပဲ အမှန်တိုင်းပြောတတ်တဲ့ မှန်တစ်ချပ်ရှိတယ်
စိတ်ခြောက်သွေ့တိုင်း သောက်လေ့ရှိတဲ့ ရေဗူးတစ်ဗူးရှိတယ်
ချိုတလှည့် ခါးတလှည့် အရသာ ပေးနေတဲ့ ကော်ဖီတစ်ခွက်ရှိတယ်
လက်တွေကို ခိုင်းတတ်တဲ့ Keyboard တစ်ခုရှိတယ်
ခိုင်းသမျှကို မငြီးမညူ ဖော်ပြပေးနေတဲ့ Monitor တစ်လုံးရှိတယ်
အတွေးတွေကို မြေတောင်မြှောက်ပေးနေတဲ့ ဆေးလိပ်တစ်ဗူးရှိတယ်
ကင်ဆာဖြစ်မယ်လို့ အမြဲသတိပေးနေတဲ့ ပြာခွက်တစ်ခုရှိတယ်
ဂယောက်ခြောက်ခြားဖြစ်လာရင် ရေးဖို့ မှတ်စုစာအုပ်တစ်အုပ် ရှိတယ်
လူကြီးမင်းလို့ ခေါ်တတ်တဲ့ မိန်းကလေးကို အကျဉ်းချထားတဲ့ ဖုန်းတစ်လုံးရှိတယ်
ရက်၊လ၊နှစ် တွေကို ရောင်စုံခြယ်သထားတဲ့ Calendar တစ်ခုရှိတယ်
အမြဲတမ်းပြောင်းလဲပြီး ငြိမ်ငြိမ်မနေတဲ့ နာရီတစ်လုံးရှိတယ်
တုန်လှုပ်ခြောက်ခြားစရာ အမှတ်တရတွေကို မျိုချထားတဲ့ ဗီရိုတစ်လုံးရှိတယ်
ဝင်သက်ထွက်သက်တွေကို ကကြိုးဆင်ပေးတဲ့ ဂစ်တာတစ်လက်ရှိတယ်
အိပ်ရာဝင်တိုင်း ချော့သိပ်တတ်တဲ့ သီချင်းအဆိုကောင်းတဲ့ စက်တစ်လုံးရှိတယ်
အာရုံနံနက်ခင်းကို ၀င်ခွင့်ပြုတဲ့ ပြတင်းပေါက်တစ်ခု ရှိတယ်
ဘယ်လိုမှ လှုပ်မရအောင် ချုပ်ကိုင်ထားတဲ့ အလုပ်ပေါင်းများစွာရှိတယ်
ရေဓာတ်မပါပဲ အမြဲတမ်းလန်းဆန်းနေတဲ့ ပန်းအိုးတစ်လုံးရှိတယ်
အမှောင်ထုကို မကြောက်တတ်အောင် သင်ပေးတဲ့ ကာရံတစ်ချို့ရှိတယ်
အိပ်ပျော်လိုက်တာနဲ့ နှလုံးသားကို လှံနဲ့ထိုးမယ့် ငရဲအိပ်မက်တွေရှိတယ်
နောက်ထပ်ဘာရှိသေးလဲ ... ?
အော် ... မေ့လို့ ...
သာယာကြည်နူးစရာကောင်းပြီး တည်ငြိမ်အေးချမ်းစွာနဲ့ ...
နုညံ့တဲ့ ကြင်နာယုယမှုတွေကနေ .. ပေါက်ဖွားလာမယ့် ...
ချစ်ခြင်းတရားကို ငတ်မွတ်တောင့်တနေတဲ့ ...
အရှင်လတ်လတ် လူသားတစ်ယောက်လဲ ရှိနေသေးတယ်
မင်းယုမာန် ( 16.9.2011 / 2:25 am )
အတွေးအိမ်လေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်
အတွေးအိမ်လေးကို .. ကိုယ်တိုင် ဘ၀အမောပြေ နားခိုရန်နှင့် .. အပေါင်းသင်း သူငယ်ချင်းမိတ်ဆွေများ ပျော်ရွှင်စွာ နားခိုရန် ရည်ရွယ်ချက်ဖြင့် ဆောက်ခဲ့ပါသည် .. အိမ်လေးကို လာရောင်လည်ပတ်ကြသူများ စိတ်သုခနဲ့ ပြည့်စုံပြီး ဘ၀မှာ စိတ်အမောပြေကြပါစေ ...
မင်းယုမာန် (အိမ်ရှင်)
မင်းယုမာန် (အိမ်ရှင်)
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Sunday, October 2, 2011
“ List of Hate ” အမုန်းစာရင်း
“ List of Hate ”
( အမုန်းစာရင်း )
ကောင်းမလိုလိုနဲ့
အညံ့ဘက်ကို ဆောင့်ကန်သွားတဲ့
ကံဆိုတာကို ငါမုန်းတယ်
မရှိမဖြစ်လို့ ... နာမည်ကြီးနေတဲ့
အစိမ်းရောင် ခြင်္သေ့တွေကိုလဲ
ငါမုန်းတယ်
ကိုယ့်ကိုကိုယ် “လူ”လို့သတ်မှတ်လို့မရအောင်
ပြောင်းလည်းစေတဲ့ .. “ယမကာ” ကိုလဲ
ငါမုန်းတယ်
“၀ မရှိပဲ ၀ိလုပ်တတ်တဲ့”
အပေါစား နားလည်မှုတွေကိုလဲ
ငါမုန်းတယ်
အ၀ီစိမှာ ဇိမ်မခံချင်ကြတဲ့
“အတ္တ” တွေကိုလဲ ငါမုန်းတယ်
ကြောက်ပါတယ်ဆိုမှ ...
ဖြဲခြောက်ပြတဲ့ .. မဟူရာ ညနက်တွေကိုလဲ
ငါမုန်းတယ်
ငါ့ကို သေအောင် မသတ် ..
ဖြည်းဖြည်းချင်း နှိပ်စက် အရသာခံနေတဲ့
“လောဘ”တွေကိုလဲ ငါမုန်းတယ်
ဒုတိယအရွယ် ရောက်ကတည်းက
ပျော်စရာဆိုတာ ဘာမှန်းမေးရလောက်အောင်
ခဲဖျက်နဲ့ လာလာဖျက်နေကြတဲ့
“ အလုပ် ” ဆိုတာတွေကို ငါမုန်းတယ်
“ချစ်တယ်” ဆိုတဲ့စကားကို
လွယ်လွယ်ပြောတတ်တဲ့ နှုတ်ခမ်းပါးတွေကိုလဲ
ငါမုန်းတယ်
ငါ့အချစ်ကို ကြိုးနဲ့တုပ် ..
ရောင်းပန်းလှအောင်ထုပ်ပြီး
အဟောင်းဈေးမှာ ချရောင်းသွားတဲ့ ..
“နင့်နှလုံးသား” ကိုလဲ ငါမုန်းတယ်
နောက်ဆုံးကွာ ..
နင်မရှိရင် ...
ဆောက်တည်ရာမရ ဖြစ်နေတတ်တဲ့
ငါ့ကိုယ်ငါလဲ မုန်းတယ်
မင်းယုမာန် ( 23.11.2007 ) ( For someone who hate everything )

Labels:
ကဗျာ
“Heart broken with 90 degree” (၉၀ ဒီဂရီ အသဲကွဲခြင်း)
“Heart broken with 90 degree”
( ၉၀ ဒီဂရီ အသဲကွဲခြင်း )
ဖတ်တယ် ... နားမလည်ဘူး
ကြည့်တယ် ... ပုံမပေါ်ဘူး
ကြားတယ် ... မသဲကွဲဘူး
လုပ်တယ် ... စိတ်မပါဘူး
စားတယ် ... မျိုမကျဘူး
သွားတယ် ... ဦးတည်ချက်မရှိဘူး
ပြုံးတယ် ... အသက်မပါဘူး
အိပ်တယ် ... မျက်လုံးမမှိတ်ဘူး
နှိုးတယ် ... မလန်းဆန်းဘူး
လွမ်းတယ် ... မင်းမသိဘူး
နောက်ဆုံး ...
ချစ်တယ် ... မင်းမယုံဘူး
နားထောင် ...
ငါမလိမ်တတ်ဘူး
မင်းယုမာန် ( for every heart broker )
( ၉၀ ဒီဂရီ အသဲကွဲခြင်း )
ဖတ်တယ် ... နားမလည်ဘူး
ကြည့်တယ် ... ပုံမပေါ်ဘူး
ကြားတယ် ... မသဲကွဲဘူး
လုပ်တယ် ... စိတ်မပါဘူး
စားတယ် ... မျိုမကျဘူး
သွားတယ် ... ဦးတည်ချက်မရှိဘူး
ပြုံးတယ် ... အသက်မပါဘူး
အိပ်တယ် ... မျက်လုံးမမှိတ်ဘူး
နှိုးတယ် ... မလန်းဆန်းဘူး
လွမ်းတယ် ... မင်းမသိဘူး
နောက်ဆုံး ...
ချစ်တယ် ... မင်းမယုံဘူး
နားထောင် ...
ငါမလိမ်တတ်ဘူး
မင်းယုမာန် ( for every heart broker )
Labels:
ကဗျာ
“ Missing Diary ” ပျောက်ဆုံးနေသော ဒိုင်ယာရီ
“ Missing Diary ”
“ပျောက်ဆုံးနေသော ဒိုင်ယာရီ”
မေ့မရတစ်နေ့ ငါ့အတွေးသည်
ဟိုတစ်ချိန်က ချစ်သူဆီ ...
ကောင်းစားမှုအောက် ချစ်သူရောက်ဖို့
စတေးခဲ့ရ ငါ့နှလုံးသားနှင့်
တပါးသူလက်တွင်း အပ်ခါနှင်း၍
ချစ်သူအပြုံး အမုန်းရောင် ဖုံးခဲ့ပြီ
ငါ့အသွေးသား နှလုံးသားက
ချစ်သူအဖြစ် ပိုင်ဆိုင်ချင်လဲ
ငါ့အသိဥာဏ် စိတ်ဓါတ်မှန်က
ချစ်သူအတွက် မြင်တတ်ခဲ့သည်
အရင်က ...
ချစ်သူ့နှုတ်ခမ်း ပြုံးကာ နမ်းလဲ
အခုတော့ ...
ချစ်သူ့နှုတ်ခမ်း တွေးကာ လွမ်းရတော့သည်
ချစ်သူ့ဘ၀ မြတ်နိုးလှလည်း
ငါ ဘယ်တော့မှ ...
မမှီတဲ့ပန်း တုံးခုမလှမ်း
ငါ၏ ရင်ခွင် ချစ်သူနားစေချင်လဲ
ငါ၏ ဘ၀ ချစ်သူအတွက် မလှပ
ငါ၏ မျက်ရည် ကျနေသော်လည်း
ငါ၏ နှုတ်ခမ်း ပြုံးကာ လွမ်းသည်
တဲအိုပျက်မှာ အတူနေရ
အချစ်သည်သာ အဓိက
ဆိုရိုးစကား ရှိသော်ငြားလဲ
တဲအိုပျက်မှာ အတူနေ
ငါ .. ချစ်သူအဖြစ် မကြည့်ရက်ပေ
ဂုဏ်ပကာသန မောက်မာကြတဲ့
ချစ်သူမိဘ အသိုင်းဝိုင်းက
ရင်နှင့်သည်းချာ သမီးရတနာကို
ရွှေဘုံပေါ်တင် ဆင်ယင်ထုံးဖွဲ့
သူဋ္ဌေးသားနဲ့ လက်ဆက်စေချင် ...
ရုန်းကန်လှုပ်ရှား ပင်ပန်းလှလဲ
ငါက ကြိုးစား မိဘများအား
ကျေးဇူးဆပ်ကာ လုပ်ကျွေးနေစဉ် ...
ဘ၀နှစ်ခု အသွင်တူဖို့
ငါလေ စဉ်းစား တွေးသော်ငြားလဲ
ဖြစ်ချင်တာထက် ဖြစ်သင့်သည်သာ
အဓိကကျသည်
ရင်နာစွာနဲ့ ဆုံးဖြတ်ခက်လဲ
ကြင်သူအတွက် ရဲရင့်ခဲ့သည်
ငါ ရဲရင့်ခဲ့သည်
ငါ လွမ်းတတ်ခဲ့သည်
ငါ ငိုကြွေးခဲ့သည်
နောက်ဆုံး ...
ငါ အရမ်းချစ်ခဲ့သည် ..
မေ့မရတနေ့ ငါ့အတွေးသည်
ဟိုတစ်ချိန်က ချစ်သူဆီ .................
မင်းယုမာန် .. (13.7.2011) 4:30 pm
( For my best friend who broke his heart by himself )
Labels:
ကဗျာ
“ The Contract ” စာချုပ်
“ The Contract ”
( စာချုပ် )
သူနဲ့ကျွန်တော် အမှတ်မထင် တွေ့ဆုံခဲ့တယ်
သူနဲ့ကျွန်တော် နှစ်ဦးသဘောတူ အကြည့်ချင်းဆုံကြတယ်
သူနဲ့ကျွန်တော် နှစ်ဦးသဘောတူ ခင်မင်မှုကို အတည်ပြုလိုက်တယ်
သူနဲ့ကျွန်တော် နှစ်ဦးသဘောတူ စွဲလမ်းမှုကို အစပြုလိုက်တယ်
သူနဲ့ကျွန်တော် နှစ်ဦးသဘောတူ အချစ်ကို ဘာသာပြန်ကြတယ်
ဘာသာလဲပြန်ပြီးရော ....
သူနဲ့ကျွန်တော် နှစ်ဦးသဘောတူ အချစ်ကို လက်ခံလိုက်ကြတယ်
သူနဲ့ကျွန်တော် နှစ်ဦးသဘောတူ အချစ်ကို တန်ဖိုးထားဖို့ ခေါင်ညိမ့်ခဲ့ကြတယ်
သူနဲ့ကျွန်တော် နှစ်ဦးသဘောတူ အချစ်ရဲ့ ချိုမြိန်မှုကို အတူခံစားခဲ့တယ်
နောက်နှစ်အနည်းငယ်ကြာရော ....
သူနဲ့ကျွန်တော် နှစ်ဦးသဘောတူ ခဏခွဲနေဖို့ တိုင်ပင်ကြတယ်
သူနဲ့ကျွန်တော် နှစ်ဦးသဘောတူ ဘ၀တစ်ခုကိုဖန်တီးဖို့ ကြိုးစားခဲ့ကြတယ်
သူနဲ့ကျွန်တော် နှစ်ဦးသဘောတူ အလွမ်းကို ပုံဖော်ခဲ့ကြပြန်တယ်
သူနဲ့ကျွန်တော် နှစ်ဦးသဘောတူ လေလှိုင်းထဲကနေ အနမ်းတွေဖလှယ်ခဲ့ကြတယ်
ဒီလိုနဲ့ ... လုံးဝမထင်မှတ်ပဲ ...
သူ့တစ်ဦးတည်း သဘောနဲ့ သူ အချစ်ကို နောက်ထပ် copy ကူးခဲ့တယ်
သူ့တစ်ဦးတည်း သဘောနဲ့ ကျွန်တော့်အချစ်ကို delete လုပ်ခဲ့တယ်
သူ့တစ်ဦးတည်း သဘောနဲ့ သူ့အချစ်ကို နောက်တစ်ယောက်ဆီ paste လုပ်ခဲ့တယ်
ခုဆိုရင် ...
ကျွန်တော့်တစ်ဦးတည်း သဘောနဲ့ သူ့ပုံရိပ်ကို ပုံဖော်နေခဲ့တယ်
ကျွန်တော့်တစ်ဦးတည်း သဘောနဲ့ အသဲကွဲခြင်းကို ဘာသာပြန်နေတယ်
ကျွန်တော့်တစ်ဦးတည်း သဘောနဲ့ တစ်ဖက်သတ် အလွမ်းတွေကို ပိုက်ထွေးနေတယ်
နိဂုံးချုပ်ကတော့ ...
ကျွန်တော့်ရဲ့ အချစ်ကို တန်ဖိုးမထားခဲ့တာ သူတစ်ယောက်တည်းရဲ့သဘောပါ
သူ့ကြောင့် ကျွန်တော် ခံစားနေရတာက ကျွန်တော်တစ်ယောက်တည်းရဲ့သဘောပါ
ဒီတော့ ...
သူနဲ့ကျွန်တော် နှစ်ဦးသဘောတူ လမ်းခွဲလိုက်ကြတယ်
နေ၀န်းကြီးက သူ့သဘောနဲ့သူ အနောက်ဘက်ကို ၀င်သွားခဲ့တယ်
ဆည်းဆာကတော့ သူ့သဘောနဲ့သူ ကျွန်တော့်ဆီကို ရောက်လာတယ်
မျက်ရည်ကတော့ သူ့သဘောနဲ့သူ ကျလာတာလားဆိုတာတော့ ......
ကျွန်တော် မသိတော့ဘူး ..............
မင်းယုမာန်