“ List of Hate ”
( အမုန်းစာရင်း )
ကောင်းမလိုလိုနဲ့
အညံ့ဘက်ကို ဆောင့်ကန်သွားတဲ့
ကံဆိုတာကို ငါမုန်းတယ်
မရှိမဖြစ်လို့ ... နာမည်ကြီးနေတဲ့
အစိမ်းရောင် ခြင်္သေ့တွေကိုလဲ
ငါမုန်းတယ်
ကိုယ့်ကိုကိုယ် “လူ”လို့သတ်မှတ်လို့မရအောင်
ပြောင်းလည်းစေတဲ့ .. “ယမကာ” ကိုလဲ
ငါမုန်းတယ်
“၀ မရှိပဲ ၀ိလုပ်တတ်တဲ့”
အပေါစား နားလည်မှုတွေကိုလဲ
ငါမုန်းတယ်
အ၀ီစိမှာ ဇိမ်မခံချင်ကြတဲ့
“အတ္တ” တွေကိုလဲ ငါမုန်းတယ်
ကြောက်ပါတယ်ဆိုမှ ...
ဖြဲခြောက်ပြတဲ့ .. မဟူရာ ညနက်တွေကိုလဲ
ငါမုန်းတယ်
ငါ့ကို သေအောင် မသတ် ..
ဖြည်းဖြည်းချင်း နှိပ်စက် အရသာခံနေတဲ့
“လောဘ”တွေကိုလဲ ငါမုန်းတယ်
ဒုတိယအရွယ် ရောက်ကတည်းက
ပျော်စရာဆိုတာ ဘာမှန်းမေးရလောက်အောင်
ခဲဖျက်နဲ့ လာလာဖျက်နေကြတဲ့
“ အလုပ် ” ဆိုတာတွေကို ငါမုန်းတယ်
“ချစ်တယ်” ဆိုတဲ့စကားကို
လွယ်လွယ်ပြောတတ်တဲ့ နှုတ်ခမ်းပါးတွေကိုလဲ
ငါမုန်းတယ်
ငါ့အချစ်ကို ကြိုးနဲ့တုပ် ..
ရောင်းပန်းလှအောင်ထုပ်ပြီး
အဟောင်းဈေးမှာ ချရောင်းသွားတဲ့ ..
“နင့်နှလုံးသား” ကိုလဲ ငါမုန်းတယ်
နောက်ဆုံးကွာ ..
နင်မရှိရင် ...
ဆောက်တည်ရာမရ ဖြစ်နေတတ်တဲ့
ငါ့ကိုယ်ငါလဲ မုန်းတယ်
မင်းယုမာန် ( 23.11.2007 ) ( For someone who hate everything )
အတွေးအိမ်လေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်
အတွေးအိမ်လေးကို .. ကိုယ်တိုင် ဘ၀အမောပြေ နားခိုရန်နှင့် .. အပေါင်းသင်း သူငယ်ချင်းမိတ်ဆွေများ ပျော်ရွှင်စွာ နားခိုရန် ရည်ရွယ်ချက်ဖြင့် ဆောက်ခဲ့ပါသည် .. အိမ်လေးကို လာရောင်လည်ပတ်ကြသူများ စိတ်သုခနဲ့ ပြည့်စုံပြီး ဘ၀မှာ စိတ်အမောပြေကြပါစေ ...
မင်းယုမာန် (အိမ်ရှင်)
မင်းယုမာန် (အိမ်ရှင်)
2 comments:
မုန်းပါနဲ့သယ်ရင်းရာ
အမုန်းကနေ အချစ်တွေ့အောင်ရှာပေါ့ ကွာ
ခင်လို့နောက်တာနော် စိတ်ဆိုးရဘူး ခိခိ
သင်ပုန်းချေသင့်တာချေပြီး အနာဂတ်အသစ်ဆီလျှောက်လှမ်းလာပါတော့
Post a Comment